ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်နှင့်လှိုင်သာယာမြို့နယ် အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဆွမ်းဆန်တော်၊ ဆီ၊ ပဲနှင့် နဝကမ္မ အလှူတော်ငွေများဆက်ကပ်လှူဒါန်း

သာသနာရေးဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဦးသိန်းဝင်းသည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နေ့လယ်(၂)နာရီခွဲအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ လိပ်ပြာကန်တိုက် ဟံသာဝတီကျောင်းနှင့် လှိုင်သာယာမြို့နယ်၊ အမှတ်(၂၃)ရပ်ကွက်၊ ရွေလင်ဗန်းစက်မှုဇုံ၊ သာသနာ့ ဂုဏ်ရည်ချမ်းသာကြီး ကျောင်းတိုက်တို့သို့ သွားရောက်၍ ဆွမ်းဆန်တော်၊ ဆီ၊ ပဲနှင့်နဝကမ္မ အလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းကြကြောင်း သိရှိရသည်။